Local News

ကချင်ပြည်နယ်၏ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်မှ ၂၉ ရက် အတွင်း မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုအခြေအနေ

Last Updated:

ကချင်ပြည်နယ်တွင် လွယ်ဂျယ်နှင့် ကန်ပိုက်တည်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုများရှိခဲ့ရာ ၂၀၂၂ ခုနှစ်၊  ဇူလိုင်လ ၂၃ ရက်မှ ၂၉ ရက်နေ့များအတွင်း တင်ပို့ခဲ့သည့်ကုန်ပစ္စည်းများမှာ တစ်သျှူးငှက်ပျော၊ ဆန်၊ ရော်ဘာ၊ ဆန်ကွဲနှင့် ပြောင်းများတင်ပို့ခဲ့ကြောင်းသိရှိရပါသည်။

လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ တင်ပို့ကုန်၏ငွေပမာဏသည် ၄၅၄၂၂၆ ဒဿမ ၉ ကန်ဒေါ်လာ ဖြစ်ပြီး၊ ကန်ပိုက်တည်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ တင်ပို့ကုန်၏ငွေပမာဏမှာ ၅၅၈၆၈၂ ဒဿမ ၂၇ ဒေါ်လာဖြစ်၍ တင်ပို့ကုန်၏ငွေပမာဏ စုစုပေါင်းတန်ဖိုးမှာ ၁၀၁၂၉၀၉ ဒဿမ ၁၇ ကန်ဒေါ်လာ တင်ပို့မှုရှိခဲ့ပါသည်။

သွင်းကုန်ပစ္စည်းများမှာ  ဆေးဝါးပစ္စည်းများ၊ လယ်ထွန်စက်များ၊ စက်နှင့်စက်ပစ္စည်းများ၊ ဓါတ်မြေဩဇာများ၊ ချည်ထည်များ၊ သံနှင့်သံမဏိဆောက်လုပ်ရေးပစ္စည်းများ၊ ဓာတုဗေဒချည်ခင်များ၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ စက်ဘီးအပိုပစ္စည်းများ၊ ဇာနှင့် ဇာထိုးထားသောအထည်အလိပ်များ၊ သံပိုက်နှင့် ဂေါ်ပြားများတင်သွင်းမှုရှိခဲ့ပါသည်။ ကန်ပိုက်တည်နယ်စပ်ကုန်သွယ်ရေးစခန်းမှ မြန်မာနိုင်ငံသို့ အမှန်တင်သွင်းကုန်၏ငွေပမာဏမှာ ကန်ဒေါ်လာ ၇၈၉၀၅ တင်သွင်းမှုရှိခဲ့ပြီး၊ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေး စခန်းမှ မြန်မာနိုင်ငံသို့ အမှန်တင်သွင်းကုန်၏ငွေပမာဏမှာ ကန်ဒေါ်လာ ၂၅၇၄၉၂ ဒဿမ ၈ ဖြစ်၍ တင်သွင်းကုန်၏ စုစုပေါင်းငွေပမာဏတန်ဖိုးမှာ ကန်ဒေါ်လာ ၃၃၆၃၉၇ ဒဿမ ၈ တင်သွင်းမှုရှိခဲ့ပါသည်။

တစ်ဖက်နိုင်ငံ တရုတ်ပြည်တွင် ဆန်မာတစ်အိတ်လျှင် ၁၇၀ ယွမ်၊ ဆန်ပျော့ တစ်အိတ်လျှင် ၂၁၀ ယွမ်ဈေးနှင့် စေ့ထုတ်ပြောင်းတစ်အိတ်လျှင် ၁၅၀ ယွမ် ဈေးပေါက်လျက်ရှိပြီး၊ မြန်မာကျပ်ငွေနှင့် တရုတ်ယွမ်ငွေလဲနှုန်းမှာ မြန်မာငွေကျပ် ၁၀၀ လျှင် တရုတ်ယွမ် သုည ဒဿမ ၃၆၄ ယွမ်ဖြစ်ပြီး၊ ၁ ယွမ်လျှင် မြန်မာကျပ်ငွေ ၂၇၄ ဒဿမ ၇၂ ကျပ်ရှိကြောင်းသိရှိရပါသည်။

 

မနောမြေကုန်သွယ်မှုဗဟိုဌာန

Category: Local News